အလုံမြို့နယ်၌ ပြည်တွင်းကြိုတင် ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေးကြိုးများနှင့် ချိတ် ပိတ်ခြင်းနှင့် မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်းကြိုတင်မဲများ ကြိုတင်မဲပုံးထဲသို့ ထည့်ခြင်း ဆောင်ရွက်

အလုံ အောက်တိုဘာ   ၂၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင်  ကျင်းပပြုလုပ်မည့်  ပါတီစုံ  ဒီမိုကရေစီ    အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍  လုံခြုံရေး ကြိုးများဖြင့် ချိတ်ပိတ် ခြင်းနှင့် မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်းကြိုတင်မဲများအား ကြိုတင်မဲပုံးထဲသို့ ထည့်ခြင်းကို  ယမန်နေ့ မွန်းလွဲ (၃)နာရီက  ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှဝင်းက ပြည်တွင်း၊ ပြည်ပမှ  ကြိုတင်မဲရောက်ရှိပါက စနစ်တကျထားရှိဆောင်ရွက်မည့် အစီအစဉ်များကို ညှိနှိုင်း ဆွေးနွေးခဲ့သည်။

ထို့နောက်နိုင်ငံရေးပါတီကိုယ်စားလှယ်များက  ကြိုတင်မဲပုံးလုံခြုံရေးကြိုး၏ ကုဒ်နံပါတ်ကို စစ်ဆေးမှတ်တမ်းတင်ကြပြီး  မဲပုံးများချိတ်ပိတ်ခြင်းကို  မြို့နယ်ကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိ သူများက နိုင်ငံရေး ပါတီ ကိုယ်စားလှယ်များ၏ရှေ့မှောက်တွင် ချိတ်ပိတ်တပ်ဆင်ခဲ့သည်။

ဆက်လက်၍ နိုင်ငံရေးပါတီကိုယ်စားလှယ်များရှေ့မှောက်တွင်မဲဆန္ဒနယ်ပြင်ပရောက်  ပြည်တွင်း ကြိုတင်မဲစာအိတ်များအား  ကြိုတင်မဲပုံးထဲသို့ထည့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် မဲဆန္ဒနယ်ပြင်ပရောက်ပြည်တွင်းကြိုတင်မဲ(၂၂  )ဦးလက်ခံရရှိကြောင်းသိရှိရသည်။

တင်တင်ချို (အလုံ)