မောက်မယ်မြို့နယ်၌ ခြံစိုက်တောင်သူများအသိပညာပေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်

မောက်မယ်    အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ်၌ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများမှ  စဉ့်ဆိုင် ကျေးရွာအုပ်စု နားသဲကျေးရွာ ရှိ ပဲတီစိမ်းခြံသို့ ယမန်နေ့ နေ့လယ် နာရီက သွားရောက်၍ တောင်သူများအား ပဲမျိုးစုံသီးနှံ များတွင်(ဘိုရွန်)လက်ချား + ယူရီးယားသုံးစွဲခြင်း အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဝင်းမော်ဦး က တောင်သူများအား (ဘိုရွန်) လက်ချား+ယူရီးယား ပြုလုပ်နည်း အဆင့်ဆင့်နှင့် သုံးစွဲပုံအား အသိပညာပေး ဆွေးနွေးဟောပြောပြီး စိုက်ပျိုးရေးဝန်ထမ်းများက နည်းစနစ်များကို အဆင့်ဆင့် လက်တွေ့ကွင်းဆင်းသရုပ်ပြ ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာသို့ နာသဲကျေးရွာမှ ခြံစိုက်တောင်သူများ တက်ရောက်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)