ကျိုင်းတုံ အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် NEP(National Electrical project) အမျိုးသားလျှပ်စစ် ဓာတ်အား ရရှိရေးစီမံကိန်း ICB-IV/ DRD-2 ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာ မီးလင်းရေး လုပ်ငန်း များအား ယမန်နေ့ နံနက်ပိုင်းက ယန်းကျိန်အုပ်စုရှိ ကျေးရွာ များသို့ ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးကျူံးလျန်ဗွိုင်း၊ မြို့နယ်ဦးစီးမှူး ဦးရဲခေါင်နှင့်ဝန်ထမ်းများက ယန်းကျိန် အုပ်စု ယန်းဟောက် ကျေးရွာ၌ (၆၀)ဝပ်ဆိုလာ(၃၄)ယူနစ်၊ မူလတန်းကျောင်း၌(၁၉၀)ဝပ်ဆိုလာနှင့် (၁၈၀)ဝပ် ဘက်ထရီ(၁)စုံ၊ ဘာသာရေး ကျောင်း၌ (၁၉၀)ဝပ်ဆိုလာနှင့် (၁၈၀) ဝပ်ဘက်ထရီ(၁)စုံ၊ ဆိုလာ လမ်းမီးတိုင်(၇၀)ဝပ်(၅) တိုင်ကို လည်းကောင်း ယန်းကျိန်အုပ်စု ပန်နမ့်ကျေးရွာ၌ (၆၀)ဝပ် ဆိုလာ(၂၀)ယူနစ်၊ ဘာသာရေးကျောင်း (၁၉၀)ဝပ် ဆိုလာနှင့် (၁၈၀)ဝပ်ဘက်ထရီ(၁)စုံ၊ ဆိုလာ လမ်းမီးတိုင်(၃)တိုင် ကိုလည်းကောင်း တပ်ဆင် ဆောင်ရွက် ပြီးစီးမှု အခြေအနေများအား ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ကျိုင်းတုံမြို့၌ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း NEPစီမံကိန်း ICB-IV/ DRD-2 ဖြင့် ကျေးရွာ မီးလင်းရေး လုပ်ငန်းအား ကျေးရွာအုပ်စု(၁၁)စုမှ ကျေးရွာ(၄၅)ရွာတို့တွင် ဆောင်ရွက်ခဲ့ရာ ကျေးရွာ(၂၆) ဆောင်ရွက်ပြီး စီးခဲ့ပြီး ကျန်(၁၉)ရွာအား ဆက်လက်တပ်ဆင် ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)