တံတား အောက်တိုဘာ ၂၈
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုက ရေစီ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေအလိုက် ဆန္ဒမဲပေးနိုင်ရန် မဲလက်မှတ်များ၊မဲပုံးများနှင့် ဆက်စပ် ပစ္စည်းများ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ္စည်းများကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ၊ အဖွဲ့ဝင်များနှင့်ဝန်ထမ်းများက မဲလက်မှတ်များ၊ မဲပုံး၊လုံခြုံရေးကြိုး၊ အမှန်ခြစ်တံဆိပ်တုံးနှင့် မဲရုံသုံးဆက်စပ်ပစ္စည်း (၃၂)မျိုးကို ထုတ်ပေးခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ မဲဆန္ဒနယ်မြေအလိုက် တံတားမြို့ ရပ်ကွက်(၄)ခုရှိ မဲရုံ (၁၂) ရုံအတွက် ထုတ်ပေးခဲ့ကြောင်း သိရသည်။
တင်နိုင်ဝင်း (ပြန်/ဆက်)