တန့်ယန်းမြို့နယ်တွင် အထူးရဲသင်တန်းဆင်းပွဲ ကျင်းပ

တန့်ယန်း  အောက်တိုဘာ  ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံအသီးသီး၌ မဲရုံလုံခြုံရေးအတွက့် အထူးရဲများ တာဝန်ပေး နိုင်ရန် အထူးရဲသင်တန်းအား ဖွင့်လှစ်ခဲ့ရာ အဆိုပါသင်တန်းဆင်းပွဲကို ယနေ့ နံနက် နာရီက အမှတ်()ရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် နယ်မြေခံတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီးခွန်အောင်သွင်က သင်တန်းဆင်း အမှာစကားပြောကြားကာ တာဝန်ရှိသူများနှင့်အတူ သင်တန်းတွင် ထူးချွန်ဆုရရှိကြသည့် အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများကို ပေးအပ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်က ကျေးဇူးတင် စကား ပြောကြား၍ ပါဝင်ကူညီဆောင်ရှိသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

အဆိုပါ အထူးရဲသင်တန်းကို ရပ်ကွက်နှင့် ကျေးရွာများမှ သင်တန်းသား (၉၀)ဦး တက်ရောက်ကြပြီး သင်တန်းကို အောက်တိုဘာလ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် တာဆီးရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အထွေထွေရွေးကောက်ပွဲကြီးတွင် လုံခြုံရေး တာဝန်များကို ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။                                                  

မင်းလွင်ဦး(ပြန်/ဆက်)