နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရော ဂါအတည်ပြုလူနာ(၃)ဦးထပ်မံတွေ့ရှိ

နတ်မောက်  အောက်တိုဘာ  ၂၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၃)ဦး ထပ်မံ  တွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။        

နတ်မောက်မြို့နယ်အတွင်းရှိ ( CBFQ ) များတွင်ထားရှိသည့် ရန်ကုန်မှ ပြန်လာသူ (၂၂)ဦးအား       ၂၅-၁၀-၂၀၂၀ ရက်နေ့က နှာခေါင်း၊ အာခေါင်တို့ဖတ်ရယူ၍ မကွေးတိုင်း ဒေသကြီး ပြည်သူ့ဆေးရုံသို့ ပေးပို့  စစ်ဆေးခဲ့  ၎င်း (၃) ဦးတွင် ကိုဗစ်ပိုးတွေ့ ရှိခဲ့ခြင်းဖြစ် သည်။                                                                       

ထို ( Covid -19 ) ရောဂါပိုးတွေ့ရှိသူမှာ နတ်မောက်မြို့ မြို့မကွက်သစ်မှ (၂)ဦး ၊ မြို့မရပ်ကွက်မှ (၁) ဦး စုစုပေါင်း (၃) ဦးတွင် Covid ရောဂါပိုး Positive  တွေ့ရှိခဲ့ကြောင်း သိရသည်။                 

အဆိုပါပိုးတွေ့လူနာများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေး လမ်းညွှန်ချက် များနှင့်အညီ နတ်မောက် Covid -19 ပိုးတွေ့လူနာများကုသထားရှိရန်နေရာ (Covid Centre -2 ) တွင်ထားရှိသွားမည်ဖြစ်ပြီး လက်ရှိအချိန်၌ လူနာများ ကျန်းမာရေး ကောင်းမွန်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရှိရပြီး နတ်မောက် မြို့နယ်တွင်        Covid      -19  ရောဂါပိုးတွေ့လူနာ ယနေ့ထိ (၆၈ ) ဦးရှိ၍ ဆေးရုံဆင်းခွင့် ရရှိသူ (   ၆၅   )ဦးရှိကြောင်းသိရသည်။  

(လှဝင်း ) နတ်မောက်