ကောလင်းခရိုင် ဝန်းသိုမြို့၌ အထူးရဲသင်တန်းဆင်းပွဲကျင်းပ

ဝန်းသို အောက်တိုဘာ ၂၈

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန် ဆောင်ရွက်ကြမည့် အထူးရဲသင် တန်း အမှတ်စဉ်(၁/၂၀၂၀) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ဝန်းသို-အ.ထ.က၊ မြတ်ဆရာခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် အထူးရဲသင်တန်းသား ၅၃ဦးတက်ရောက်သင်ကြားခဲ့ပြီး အထူး ရဲများ၏ သိသင့်သိထိုက်သည့် ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ မီဒီယာ၊ လူ့အခွင့် အရေး၊ စစ်ရေးပြ၊ ရဲစည်းကမ်း၊ ရဲကျင့်ဝတ်နှင့် အခြားသောသိမှတ်ဖွယ်ရာ ဘာသာ ရပ်များကို အောက်တိုဘာ ၁ရက်နေ့မှ ၂၈ရက်နေ့ထိ သင်ကြားပို့ချပြီးစီးခဲ့ခြင်းဖြစ်သည်။

ယင်းသင်တန်းဆင်းပွဲအခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးနေစိုးအောင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦးနှင့် တပ်ဖွဲ့ဝင်များ အထူးရဲသင်တန်း သားများ တက်ရောက် ခဲ့ကြပြီး သင်တန်းတွင်အကောင်းဆုံးစံပြဆု၊ အကောင်းဆုံးစစ်ရေး ပြသင်တန်းသားဆုနှင့် အကောင်းဆုံး ဥပဒေဘာသာရပ်သင်တန်းသားဆုရရှိသူ အထူးရဲများကို တာဝန်ရှိ သူများ က အသီးသီးဂုဏ်ပြုဆုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)