စစ်ကိုင်း အောက်တိုဘာ(၂၈)
စစ်ကိုင်းမြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မဲရုံများတွင် လုံခြုံရေးတာဝန်များ ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား အထူး ရဲသင်တန်းများဖွင့်လှစ်ပို့ခြ ပေးလျက်ရှိရာ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အသင်္ခယာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်သန်းက သင်တန်းဆင်းဂုဏ်ပြု အမှာစကားပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို (၁-၁၀-၂၀၂၀) မှ (၂၈-၁၀-၂၀၂၀) ရက်နေ့အထိ စစ်ကိုင်းခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက စာတွေ့ လက်တွေ့ သင်ကြားပေးခဲ့ကြပြီး အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်(၁၆၃)ဦးနှင့် အရန်(၂)ဦး စုစုပေါင်း(၁၆၅)ဦး တက်ရောက် ခဲ့ကြကြောင်းသိရသည်။
သင်တန်းဆင်းပွဲသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဌများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မျိုးဝင်း(ပြန်/ဆက်)