အင်္ဂပူမြို့တွင် အထူးရဲ(Special Police) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

အင်္ဂပူ   အောက်တိုဘာ   ၂၈

အင်္ဂပူမြို့၊ မြို့တော်ခန်းမ၌ အထူးရဲ (Special Police)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲရင့်လှိုင်၊ မြို့နယ်ရဲ့တပ်ဖွဲ့မှူးရဲမှူးရဲဝင်း၊ အင်္ဂပူမြို့မရဲစခန်းမှူးဒုရဲမှူး ကျော်စိုးဦး၊  ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲဝင်းက သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့သည်။ အလားတူ မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော်ခန်းမတွင်လည်း အထူးရဲသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရဲဝင်းက သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအထူးရဲသင်တန်းကို (အောက်တိုဘာ ၁ ရက်နေ့မှအောက်တိုဘာ၂၈ရက်)နေ့အထိ နယ်မြေစခန်းအလိုက် ၂၈ ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား   စုစုပေါင်း  ၁၆၉ ဦးတက်ရောက်ခဲ့ကြောင်း၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေး အပြည့်အ  ဝပေးနိုင်ရန် ရည်ရွယ်ပြီး အထူးရဲများခန့် အပ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)