တောင်သာ အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ထံသို့ ကြိုတင်ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ စတင်ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၈၃) အုပ်စုရှိ မဲရုံ (၃၂၂) ရုံအတွက် ကြိုတင် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်နှင့် အဖွဲ့ဝင်များက စနစ်တကျစစ်ဆေး၍ စီစစ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)