မန္တလေး အောက်တိုဘာ ၂၈
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အထူးရဲသင်တန်း (၁/၂၀၂၀) ဆင်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဒေါနဘွားရပ်ကွက်၊ အကွက်(၅၄)၊ ၁၄ လမ်းနှင့် ၁၅ လမ်းကြား၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြားရှိ အမှတ်(၁၇) အခြေခံ ပညာအထက်တန်းကျောင်း၊ ချမ်းမြေ့မန္တလာခန်းမ၌ ကျင်းပရာ အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇင်မြင့်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။
အခမ်းအနားသို့ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ဇင်မြင့်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကြည်ရွှေ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်ခိုင်၊ ရပ်မိရပ်ဖ ဦးစန်းအောင်မြင့်၊ အမှတ်(၁)(၂)(၄)နယ်မြေရဲစခန်းများမှ စခန်းမှူးများ၊ နည်းပြများနှင့် အထူးရဲသင်တန်းသား (၉၂) ဦးတို့ တက်ရောက်ကြသည်။
အဆိုပါ အထူးရဲများသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေအထွေရွေးကောက်ပွဲကြီးတွင် လုံခြုံရေးတာဝန်များကို ထမ်းဆောင်သွားကြရမည် ဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)