မုံရွာခရိုင်၊ မုံရွာမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

မုံရွာ အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁) နာရီ အချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မုံရွာခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဦးသိန်းလွင်က ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေများ၊ မုံရွာခရိုင်အတွင်းရှိ မဲရုံများအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ၊  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိနှင့် ကြိုတင်ဆန္ဒမဲ ပေးကြမည့် မဲဆန္ဒရှင်များအတွက် ဆောင်ရွက်နေမှုအခြေအနေများကို မိမိတို့ကြီးကြပ်ရမည့် နယ်မြေ အလိုက် ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။

ဆက်လက်ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသောင်းဒန်က ဆန္ဒမဲပေးမည့်နေ့တွင် အသုံးပြုရမည့် မဲရုံသုံးပစ္စည်းများရောက်ရှိနေမှုအခြေအနေများ၊နှင့် သက်ဆိုင်ရာမြို့နယ် ကော်မရှင် အဖွဲ့ခွဲ များသို့ ထုတ်ပေးမည့် အခြေအနေများနှင့် မဲရုံလုံခြုရေးဆိုင်ရာ ဆောင်ရွက်ထားမှု အခြေ အနေများကို ရှင်းလင်း ဆွေးနွေးခဲ့ရာ အစည်းအဝေးသို့တက်ရောက်လာကြသည့် ခရိုင်ကော်မရှင် အဖွဲ့ဝင်များက မိမိတို့တာဝန်ကျသည့် နယ်မြေဒေသများတွင်  ဆောင်ရွက်ထားရှိမှု အခြေအနေများ အား ပြန်လည်ဆွေး နွေးတင်ပြကြသည်။

၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မုံရွာခရိုင်အတွင်း၌ မဲဆန္ဒရှင်ပေါင်း (၆၄၀၆၇၀) ဦး ရှိပြီး  မဲရုံပေါင်း (၅၀၀) ရှိကြောင်းသိရှိရသည်။

စိုးစိုးဝင်း(ပြန်/ဆက်)