တနိုင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းတာဝန်ပေးအပ်ပွဲကျင်းပ

တနိုင်း  အောက်တိုဘာ ၂၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်စီမံကိန်းလုပ်ငန်း တာဝန်ပေးအပ်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်တွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က တနိုင်းမြို့နယ်၏ စီးပွားရေးဖွဲ့ဖြိုးတိုးတက်အောင် ကဏ္ဍအသီးသီးမှ တာဝန်ယူဆောင်ရွက်နေကြသော ဌာနဆိုင်ရာများအနေဖြင့် ယခင်နှစ်များ၏ အားသာချက်၊ အားနည်းချက်များကို စီစစ်သုံးသပ်၍ တနိုင်းမြို့နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို ပြည့်မှီကျော်လွန်အောင်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှသာ တနိုင်းမြို့နယ်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်း မြင့်မား လာမည်ဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများအရ ကဏ္ဍအလိုက်ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် နိုင်ငံပိုင်အခန်းကဏ္ဍရင်းနှီးမြှုပ်နှံမှုအနေဖြင့် ပြည်ထောင်စု၊ ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်းများဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများကိုလည်း သက်ဆိုင်ရာဌာနများမှ တစ်ပြိုင်နက် အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် နိုင်ငံပိုင် အခန်းကဏ္ဍသာမက ပုဂ္ဂလိကပိုင်လုပ်ငန်းများရင်းနှီး မြှုပ်နှံမှုတိုးတက်ရေးအခန်းကဏ္ဍပါအလေးထားဆောင်ရွက် ရမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အမှန်တကယ် လိုအပ်နေသော ပြည်သူ့ဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများကို ယခင်ကထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း စသည်ဖြင့်အဖွင့်အမှား စကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းရေး ဆွဲအကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်တင်တင်မြိုင်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းတာဝန်ပေးအပ်မှုနှင့် ပတ်သတ်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်ဆွေးနွေး တင်ပြသည်။

ထို့နောက်  သက်ဆိုင်ရာတာဝန်ရှိသူများမှ ဌာနဆိုင်ရာအသီးသီးအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စီမံကိန်း လုပ်ငန်းတာဝန်များ ကိုပေးအပ်ခဲ့ပြီး မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်မှ နိကုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားအားရုပ် သိမ်းခဲ့ကြောင်းသိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)