ဗန်းမော်၌ လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲပြီး နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွား

ဗန်းမော်    အောက်တိုဘာ    ၂၈

ကချင်ပြည်နယ် ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်တွင် ယနေ့နံနက် ၅ နာရီခန့်က  နေအိမ်နှင့်ကပ်လျှက် မီးဖိုခန်း၌ လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်၌ နေအိမ်မီးဖိုခန်း လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲ၍ ရှော့ခ်ဖြစ်ခဲ့ကာ နေအိမ်သို့ မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးလောင်ရာသို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိုးမြင့်အောင်၊ ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးမင်းခိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များတို့သည် မီးငြှိမ်းသတ် ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၃)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် အခြားနေအိမ်နှင့် လူ၊ တိရစ္ဆာန် ထိခိုက်ပျက်စီး သေဆုံးမှု မရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်