ရွှေကူ အောက်တိုဘာ ၂၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ရွှေကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ လမ်းညွှန်မှုအမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်မမက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်အတွင်းရှိ မဲရုံပေါင်း (၅၄)ရုံတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ကြိုတင်ဆန္ဒမဲပေးခြင်းဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုင်းထွန်းက အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ဖြိုးထွန်းကမဲရုံများတွင် ကိုဗစ်−၁၉ရောဂါ ကာကွယ် ရေးပစ္စည်းများ အသုံးပြုသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် တက်ရောက်လာသော ရပ်ကွက်/ကျေးရွာအုပ်စုရှိ ကော်မရှင်အဖွဲ့ခွဲများမှ မြို့နယ်အတွင်း အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)