လေးမျက်နှာ အောက်တိုဘာ ၂၈
ဧရာဝတီတိုင်ဒေသကြီး၊ ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဆွေသိန်းက ပြည်သူများ လုံခြုံဘေးကင်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက် ထားရှိမှု များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်ကြင်ဌေးက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသော မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစ ီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မဲရုံများတွင် ဌာနဆိုင်ရာဝန်ထမ်းများအား ရပ်ကွက်/ကျေးရွာအလိုက် တာဝန်ချထား ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
လေးမျက်နှာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်
ရပ်ကွက်ကျေးရွာအုပ်စု (၄၈) အုပ်စု၊ မဲရုံပေါင်း (၁၈၈)ရုံ၊ ဆိုင်းခွဲ (၂၄)ရုံရှိပြီး မဲဆန္ဒရှင်ဦးရေ (၈၃၂၇၇)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)