ဖားဆောင်း အောက်တိုဘာ ၂၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က လူကုန် ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး “Talk Show” ကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသဲနုအောင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး “Talk Show” ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် မှာ ကိုဗစ်-၁၉ ကာလအတွင်း “stay home” နေထိုင်ကြသည့် ပြည်သူများအား လူကုန်ကူးခံရမှုနှင့် စပ်လျဉ်းသည့် အကြောင်းအရာများ၊ ဆိုးကျိုးများ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို “online” မှတစ်ဆင့် အသိပညာဗဟုသုတများ ရရှိစေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့မရဲစခန်းမှူး ဒုရဲမှူး စဲရယ်က လူကုန်ကူးမှုဖြစ်ပေါ်ရသည့် အကြောင်းအရင်း၊ လူကုန် ကူးမှုမဖြစ်ပေါ်စေရန် တားဆီးကာကွယ်နိုင်သည့် အချက်များကို ဆွေးနွေးပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးထင်အောင်က လူကုန်ကူးမှုနှင့်သက်ဆိုင်သည့် အရေးယူမှု၊ ပြစ်မှု၊ ပြစ်ဒဏ်မျာအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)