ကြာအင်းဆိပ်ကြီး၊ အောက်တိုဘာ ၂၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲရုံများတွင် အသုံပြုမည့်မဲရုံသုံးပစ္စည်းများကို ယနေ့ နေ့လယ်ပိုင်းအချိန်က ဇမိခန်းမအတွင်း၌ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြာအင်း ဆိပ်ကြီးမြို့နယ်အတွင်းရှိ မဲရုံများတွင်အသုံးပြုရန်အတွက် မဲရုံသုံးပစ္စည်းများဖြစ်သည့် မဲပုံး လျှို့ဝှက်ဆန္ဒပြုခန်းများ ဆာလာအိတ် ဗီနိုင်းများနှင့် အခြားမဲရုံသုံးပစ္စည်းစုစုပေါင်း(၃၄)မျိုးတို့ကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ရပ်ကွက်/ကျေးရွာအုပ်စု (၅၈)အုပ်စုတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၅၅၅၂၁)ဦးရှိပြီး မဲရုံပေါင်း(၁၂၀)ရုံဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)