ဇေယျာသီရိမြို့နယ်၌ အထူးရဲသင်တန်းဆင်းပွဲ ကျင်းပ

ဇေယျာသီရိ အောက်တိုဘာ   ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း ၂၀၂၀  ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပစဉ်   မဲရုံလုံခြုံရေး ဆောင်ရွက်နိုင်ရန် အတွက် ခန့်အပ် ထားသောအထူးရဲ သင်တန်းဆင်းပွဲကို  ယနေ့နံနက်ပိုင်းက   ပြည်စံအောင်ရပ်ကွက်ရှိ ရှင်းလင်းဆောင်၌  ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရန်နောင်ဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် အထူးရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရွေးကောက်ပွဲ ကျင်းပနေစဉ်ကာလအတွင်း မဲရုံလုံခြုံရေးနှင့် မဲဆန္ဒရှင်ပြည်သူများလုံခြုံရေးကို ဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်သွားကြရန်နှင့် အထွေထွေ ရွေးကောက်ပွဲ ပြီးစီးပါက သတ်မှတ်ချက်နှင့်ကိုက်ညီသူများ ဆန္ဒရှိပါကမြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။  

ဇေယျာသီရိမြို့နယ်တွင် ရပ်ကွက် ()ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၃)အုပ်စုရှိပြီး၊ မဲဆန္ဒရှင်စုစုပေါင်း (၈၂၁၂၉)ဦးခန့်ရှိရာ စုစုပေါင်းမဲရုံ(၇၄)ရုံအတွက် မဲရုံလုံခြုံရေး ဆောင်ရွက် နိုင်ရန် ခန့်အပ်ထားသောအထူးရဲ  (၇၄)ဦး အား အောက်တိုဘာလ ရက်နေ့မှ   အောက်တိုဘာလ ၂၈ ရက်နေ့အထိ သင်တန်းပို့ချခဲ့ခြင်း ဖြစ်သည်။  

အခမ်းအနားသို့ ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရန်နောင်ဝင်း၊  ဇေယျာသီရိမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန    မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်နှင့်  ဌာန ဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်းသိရသည်။

သဲစုလွင် (ဇေယျာသီရိပြန်/ဆက်)