မိုးညို အောက်တိုဘာ ၂၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ ရွှေခဲကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ပြောင်းရွှေ့ နေအိမ်မှ မိသားစုဝင်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ရွှေခဲကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော နေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ၁၀၀၀၀၀ ကျပ်၊ အိမ်ထောင်စုတစ်စုရှိ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ ၈၄၀၀ ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ ၁၀၈၄၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး၊ တစ်အိမ်ထောင်စာအား မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)