ကွမ်းလုံမြို့နယ်တွင် မန်ပြိန်းကျေးရွာအုပ်စုရှိ မဲရုံ(၃)ရုံအတွက် ကြိုတင်မဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ပြန်လည်ထုတ်ပေးလျက်ရှိ

ကွမ်းလုံ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်၊ မန်ပြိန်းကျေးရွာအုပ်စုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ‌ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်းမှ ပယ်ဖျက် လိုက်သည့်အတွက် မန်ပြိန်းကျေးရွာအုပ်စုရှိ မဲရုံ()ရုံအတွက် ကြိုတင်မဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်း(၂၃)မျိုးအား ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။

ကွမ်းလုံမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပခြင်း မပြုနိုင်သည့်နယ်မြေများ မရှိကြောင်း နှင့် ရပ်ကွက်/ကျေးရွာအုပ်စု(၃၁)ခုတွင် မဲရုံပေါင်း(၅၈)ရုံရှိပြီး နောက်ဆုံး မဲဆန္ဒပေးပိုင်ခွင့် ရှိသူ (၃၈၁၉၀)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

မိုင်းခိုင်ဇော်(ကွမ်းလုံ)