ပင်လောင်းမြို့နယ်တွင် အထူးရဲ သင်တန်းဆင်းပွဲပြုလုပ်

ပင်လောင်း   အောက်တိုဘာ  ၂၈

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ () ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းဆင်းပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်  အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရင်းမှီး၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်က အမှာစကားပြောကြားပြီး  မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသက်အောင်က သင်တန်းသားများအနေဖြင့် သင်တန်းတွင် ပို့ချပေးလိုက်တဲ့ စာတွေ့လက်တွေ့သင်ခန်းစာများ မှီငြမ်းကိုးကား၍ လက်တွေ့နယ်ပယ်မှာ တွေ့ကြုံလာရမယ့် လုပ်ငန်းတာဝန်များတွေအပေါ် စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ပြီး ယုံကြည်ချက်၊ ခံယူချက် ပြည့်ဝစွာဖြင့် နိုင်ငံတော်နှင့် ပြည်သူများမှ လိုလားပြီး  စွမ်းရည်ပြည့်ဝတဲ့ အထူးရဲတပ်ဖွဲ့ဝင်ကောင်း ဖြစ်ပြီး၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလတွင် မဲဆန္ဒရှင်ပြည်သူများကို ဥပဒေ အကာအကွယ်ဖြင့် လုံခြုံရေး အကာအကွယ်အောက်မှာ လွပ်လပ်စွာအနှောက်အယှက်ကင်းပြီး သမာ သမတ်ကျကျထည့်နိုင်ရေးအတွက် အထူးရဲတပ်ဖွဲ့ဝင်တွေရဲ့ အခန်းကဏ္ဍက အလွန် အရေးကြီးကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးမြောက်နိုင်ရေးအတွက် အထူးရဲ တပ်ဖွဲ့ဝင်များမှ အချိန်မရွေး၊ နေရာမရွေး ပေါ်ပေါက်လာနိုင်တဲ့ အခက်အခဲပြဿနာများကို လုံခြုံရေးစည်းမကျိုးပေါက်စေဘဲ လုံခြုံရေး သတိရှိစွာ အသေးအဖွဲကအစ အထူး ဂရုစိုက် ဆောင်ရွက်သွားကြဖို့လိုအပ်ကြောင်း ပြောကြားသည်။

သင်တန်းဆင်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ကြက်ခြေနီ တပ်ဖွဲ့ဥက္ကဋ္ဌ၊ သင်တန်းနည်းပြ ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး၊ အထူးရဲတွင် သင်တန်းသား  (၁၄၃) ဦးရှိကြောင်း၊ သင်တန်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ အောက်တိုဘာလ ()ရက်နေ့မှ (၂၇)ရက်နေ့ထိ သင်တန်းပို့ချပေးခဲ့ ကြောင်း သိရသည်။

ခွန်အာကာစိုး