သိန္နီ အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ယနေ့ နံနက်(၁၁)နာရီအချိန်ခန့်က ၂၀၂၀ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ကြိုတင်မဲဆန္ဒရှင်လက်မှတ်များ၊ မဲဆန္ဒရှင်စာရင်းများများနှင့် မဲရုံသုံးပစ္စည်းများကို ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများသို့ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ကြိုတင်မဲဆန္ဒရှင်လက်မှတ်များ၊ မဲဆန္ဒရှင်စာရင်းများနှင့် မဲရုံသုံးပစ္စည်းများကို ထုတ်ပေးရာတွင်မဲရုံ၌ အသုံးပြုမည့်မဲပုံး၊ဆန္ဒပြုခန်း၊ခြင်းတောင်း၊ချိတ်ထိုးတံဆိပ်တုံး၊ ဆန္ဒပြု တံဆိပ်တုံးများ၊လုံခြုံရေးကြိုးများ၊ ဆာလာအိတ်များ၊စတစ်ကာများနှင့်မဲရုံတွင် အသုံးပြုရမည့်ပုံစံများ၊ ဆိုလာမီးအိမ်၊ လည်ဆွဲကတ်၊အရက်ပြန်(စပရေး)၊ FaceShield၊ Mask၊ Apron များကိုရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။
သိန္နီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၃၆)အုပ်စု၊ မဲရုံပေါင်း(၆၀)ရုံရှိပြီး ယနေ့အထိ မဲဆန္ဒရှင်ဦးရေ (၃၈၆၅၀)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိ ရသည်။
ဖိုးချို( ပြန်/ဆက်)