လမ်းမတော်မြို့နယ် Community Based Facility Quarantine Center သို့ နေ့လယ်စာနှင့် ညနေစာ ထမင်းဘူးများ လာရောက်လှူဒါန်း

လမ်းမတော် အောက်တိုဘာ ၂၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် Community Based Facility Quarantine Center ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယနေ့ နံနက်ပိုင်းက နေ့လယ်စာနှင့် ညနေစာ ထမင်းဘူး(၈၅)ဦးစာအား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့သို့လှူဒါန်းရာတွင် တိုက်(၁၀၁)B၊ အခန်းအမှတ်(၀၀၅)၊ လမ်းသစ်လမ်းနေ မိတ်ဆွေမြန်မာထမင်း ဆိုင်မှ နေ့လယ်စာနှင့် ညနေစာထမင်းဘူး၊ ငှက်ပျော်သီးများအား လာရောက်လှူဒါန်းခဲ့ရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြောင်း သိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် အထက(၁) Community Based Facility Quarantine Center နှင့် Anasmia အလက(၁)မြမာလာတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင်အလှူရှင်များက  စားသောက်စရာများကို နေ့စဉ်မပြတ် လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အေးမဥ္ဇူ (ပြန်/ဆက်)