ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီက ရန်ကုန်မြို့သို့ သွားရောက်မည့် ကျန်းမာရေးဝန်ထမ်း ၄၀ ဦးအတွက် ငွေသားကျပ်သိန်း(၈၀)ထောက်ပံ့လှူဒါန်း

တောင်ကြီး  အောက်တိုဘာ  ၂၈

ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ၊ ရှမ်းပြည်နယ်ရှိ ရန်ကုန်မြို့သို့ သွားရောက် တာဝန်ထမ်းဆောင်မည့်ကျန်းမာရေးသူနာပြုဝန်ထမ်း ၄၀ ဦးအတွက် ထောက်ပံ့ငွေသိန်း(၈၀) ကျပ်ထောက်ပံ့ လှူဒါန်း ပွဲကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၊ ဘောဇနဆောင်၊ ရှမ်းပြည်နယ်ပြည်သူ လူထုစားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လှူဒါန်းပွဲတွင် ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက ပထမအကြိမ်တွင် ရန်ကုန်မြို့သို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးသူနာပြုဝန်ထမ်း ၇၅ ဦးအတွက်နှင့် စဝ်စံထွန်းပြည်သူဆေးရုံကြီးအတွက်ဓါတ်ခွဲခန်းအတွက်ကို ကျပ်သိန်း ၂၀၀ ကို လည်းကောင်း၊ဒုတိယအကြိမ် အဖြစ် ရှမ်းပြည်နယ်မှကျန်းမာရေးသူနာပြုဝန်ထမ်း ၂၀ ဦးအတွက်ကျပ်သိန်း ၄၀ ကိုလည်းကောင်း၊ တတိယအကြိမ် တွင် ရှမ်းပြည်နယ် မှ ကျန်းမာရေးသူနာပြုဝန်ထမ်း ၄၀ ဦးအတွက် ကျပ်သိန်း( ၈ဝ )ကိုလည်းကောင်း ၊ တစ်ဦးလျှင် ကျပ် နှစ်သိန်း နှုန်းဖြင့် လှူဒါန်းထောက်ပံ့ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

 အခမ်းအနားတွင် ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း နှင့်ဒုတိယဥက္ကဋ္ဌဦးခင်အောင် တို့က ငွေသားကျပ်သိန်း(၈၀)ကို ပေးအပ်လှူဒါန်းရာ ပြည်နယ် ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင် က လက်ခံရယူခဲ့ကြောင်း၊ ရှမ်းပြည်နယ် ပြည်သူ လူထုစားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီနှင့် ကမ္ဘောဇ ဘဏ်လီမိတက်တို့ ပူးပေါင်းလှူဒါန်းခဲ့ရာတွင် ရန်ကုန် တိုင်းဒေသကြီး၌ ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သွားရောက် အင်အားဖြည့်ကြသည့် ရှမ်းပြည် နယ်မှ ကျန်းမာရေးသူနာပြုဝန်ထမ်း ၇၅ ဦးအတွက် အလှူငွေသိန်း(၁၅၀)ကျပ်နှင့် ဒုတိယအကြိမ် ရှမ်းပြည်နယ်မှကျန်းမာရေးသူနာပြုဝန်ထမ်း ၂၀ ဦးအတွက် အလှူငွေသိန်း(၄၀)ကျပ် စဝ်စံထွန်းပြည်သူ့ ဆေး ရုံကြီး အတွက်ဓါတ်ခွဲခန်း အတွက် အလှူငွေကျပ်သိန်း၅၀၊ ထောက်ပံ့ပေးခဲ့ပြီး ၊ ယနေ့တတိယအကြိမ် အဖြစ် ရှမ်းပြည်နယ်မှကျန်းမာရေးသူနာပြု ဝန်ထမ်း ၄၀ ဦးအတွက်ကျပ် သိန်း ၈၀ ကိုထပ်မံ လှူဒါန်း ခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)