ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ  ၂၃ ဦး ရောဂါပျောက်ကင်း၍ဆေးရုံများမှဆင်းခွင့်ပြု

ရေတာရှည်   အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှ ကိုဗစ်-​၁၉ ရောဂါပိုး​တွေ့ရှိပြီး တောင်ငူခရိုင် ပြည်သူ့ ဆေးရုံကြီးတွင်​ ဆေးကုသမှု ခံယူ​နေ​သော အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁၁ ဦး၊ ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံမှ အမျိုးသမီး ၆ ဦး၊ ဆွာမြို့တိုက်နယ်ဆေးရုံမှ အမျိုးသား ၁ ဦး စုစု​ပေါင်း ၂၃ ဦးတို့ကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူများ အား နေအိမ် တွင် (၇)ရက် အသွားအလာ ကန့်သတ်သွားမည် ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာ၍ နေထိုင်ကြရန်တို့ကို မှာကြား၍  နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အောင်တိုဘာ ၁၉ ရက်နေ့ မှ စတင်  ရန်ကုန်မြို့နှင့် အခြားသောမြို့နယ်များမှ ရေတာရှည်မြို့နယ် အတွင်းသို့  ရက်ပိုင်းအတွင်းစစ်ဆေးထားသော ရောဂါကင်းရှင်းကြောင်း ကျန်းမာရေးဌာန၏ ဆေးထောက်ခံ ချက်ပါသူများကိုသာ ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ပြီး ဆေးစစ်အဖြေမရှိသူများ လုံးဝ၀င်ရောက်ခွင့် မရှိတော့ သည့် အတွက် ရေတာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှ၊ ရေနီမြို့များရှိ စောင့်ကြည့်ရေးစင်တာများတွင် ထားရှိသူ ၁၂၂ ဦးမှာ ကျန်းမာရေး စစ်ဆေးမှုများပြီးစီးသွားပြီဖြစ်ပြီး ထိုင်းနိုင်ငံမှပြန်လာသူ ၁၅ ဦး၏ဓာတ်ခွဲအဖြေများ သာ ကျန်ရှိတော့ကြောင်း၊ ရေတာရှည်မြို့နယ်အတွင်း ပိုး​တွေ့ရှိသူ စုစုပေါင်း ၁၀၄ ဦးရှိသည့်အနက် ဆေးရုံများမှ ရောဂါ ပျောက်ကင်း၍ ဆင်းခွင့်ပြုသူ စုစုပေါင်း ၉၃ ဦးရှိပြီဖြစ်ကြောင်းသိရသည်။

သတင်း​ပေးပို့သူ ဆု(ပြန်/ဆက်)