ရွှေကျင် အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ရွှေကျင်မြို့နယ်တွင်၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင်လုံခြုံရေးတာ၀န်ထမ်းဆောင်ကြမည့်အထူးရဲသင်တန်းဆင်းပွဲကိုအောက်တိုဘာ၂၈ရက် နံနက်(၈)နာရီအချိန်ခန့်က ရွှေကျင်မြို့မရဲစခန်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအေဝးခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင်ရွှေကျင်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သန်းဦးမှ အဖွင့်အမှာစကားပြောကြားပြီး နည်းပြတာဝန်ခံ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကျော်ဝင်းထွန်းမှ သင်တန်းဆင်းဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက်၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာ၀န်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်းသား(၇၅)ဦးအား သင်တန်းဆင်း လက် မှတ်များ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)