တာချီလိတ်မြို့၌ မဲရုံလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

တာချီလိတ် အောက်တိုဘာ ၂၈

၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွှေးကောက်ပွဲအောင်မြင်စွာ ကျင်းနိုင်ရေးအတွက် မဲရုံလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု ညှိနှိုင်း အစည်း ဝေးကို ယနေ့ ၁၀ နာရီအချိန် ပါလ်ံ ဘုံကျောင်းခန်းမ၌ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။

ညှိနှိုင်းအစည်းအဝေးတွင် တာချီလိတ်မြို့နယ်ရွှေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောမှ အမှာစကား ပြောကြား ခဲ့ပြီးမြို့နယ်ရွှေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မင်းမှ မဲရုံများစီမံ ဆောင်ရွက်ထားရှိမှု၊ဆန္ဒပြုမဲလက်မှတ်များလုံခြုံရေး အတွက်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တာလေမြို့နှင့်ကျိုင်းလပ်မြို့ အုပ်ချုပ်ရေးမှူးတို့မှ မဲရုံလုံခြုံရေးနှင့်ပတ်သက်၍ မိမိတို့၏ စီမံဆောင်ရွက်ထားအခြေအနေများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေး ခဲ့ကြပြီး တက်ရောက်လာကြသည့်ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက စီမံဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် မြို့နယ်ရွှေးကောက်ပွဲဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌမှ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ပေါင်းစပ်ညှိနှိုင်းမှုများပြုလုပ်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြား ခဲ့သည်။

တာချီလိတ်မြို့နယ်တွင် မဲပေးနှိုင်သည့် မဲဆန္ဒရှင်ပေါင်း တစ်သိန်းသုံးသောင်းကျော်ရှိပြီး မဲရုံပေါင်း ၇၀ ကို ပြင်ဆင်ထားကြောင်း၊ ညှိနှိုင်းအစည်းအဝေးသို့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)