နှံ​ကောက်စပါးမျိုး​စေ့ထုတ် စံပြစိုက်ခင်းအား စံကွက်ရိတ်သိမ်း​တောင်သူနည်းပညာ​ပေးနှင့် ကွင်းလက်​တွေ့ပြသ

​ကော့ကရိတ်၊  ​အောက်တိုဘာ ၂၈

ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့စိုက်ပျိုး​ရေဦးစီးဌာနနှင့် စွန့်ဦးလူငယ်ပညာရှင်များအဖွဲ့(YSI)တို့သည် ယ​နေ့နံနက်ပိုင်းက ​ကော့နွဲ​ကျေးရွာအကျိုး​ဆောင်​တောင်သူ​ ဒေါ်​စေး​စေးလွယ်၏လယ်​မြေ၃ဧက၌​တောင်သူများကို ပျိုးသက်နုကြဲ SRIစိုက်နည်းစနစ်ဖြင့် နှံ​ကောက်စပါးမျိုးမျိုး​စေ့ထုတ် စံပြစိုက်ခင်းအား စံကွက်ရိတ်သိမ်းခြင်း အသိပညာ​ပေး ဆွေး​နွေးခြင်းနှင့် ကွင်းလက်​တွေ့ပြသခြင်းကို ပြုလုပ်​ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

​ဆွေး​နွေးပွဲတွင်​ ကော့ကရိတ်ခရိုင် စိုက်ပျိုး​ရေးဦးစီးဌာန​၊လက်​​ထောက်ညွှန်ကြား​ရေးမှူး​ဒေါ်​နော်သူး​လေထီးက စံကွက်  ရိတ်သိမ်းရခြင်း၏ရည်ရွယ်ချက်နှင့် စပါးအထွက်နှုန်းကို အဓိကလွှမ်းမိုးသည့်​ကောက်ကွက်၊ ပင်ပွား၊ တစ်နှံပါ​အောင်​စေ့နှင့်အ​လေးချိန်အ​ကြောင်းတို့ကို ​နည်းပညာ​ပေးဆွေး​နွေး​ပြော ကြားသည်။ ထို​နောက်မြို့နယ်စိုက်ပျိုး​ရေးဦးစီးမှူး ဦး​အောင်နိုင်က လက်ရှိ​ပြောင်းလဲ​နေ​သော ရာသီဥတု နှင့်အညီ SRI၊Seeder၊ ကြဲခင်း၊ ဘောင်ပျိုး၊ ရိုးရိုးပျိုးတို့ကို စိုက်နည်းစနစ်သိရှိနားလည်၍ မိမိလယ်​မြေနှင့် ကိုက်ညီသည့်စနစ်ကို​ရွေးချယ်နိုင်မှ စီးပွား​ရေးတွက်​ချေကိုက်မည်ဖြစ်​ကြောင်းနှင့် YSI အဖွဲ့အ​နေဖြင့် စံပြကွက်စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန်ထိထွက်ရှိသည့် တစ်ဧကတင်း အထွက်နှုန်းတို့ကို ​ဆွေး​နွေး​ပြောကြားသည်။

ယင်း​နောက် Farmer to Farmer နည်းပညာ​ပေး​ဆွေး​နွေးကြရာ အကျိုး​ဆောင်​တောင်သူ​ ဒေါ်​နော်​စေး​ဖော်မှ SRI စိုက်နည်း စနစ်​ဆောင်ရွက်ခဲ့မှုအ​ခြေအ​နေကို​ ဆွေး​နွေး​ပြောကြားပြီး တက်​ရောက်လာသည့်​တောင်သူများမှ မိမိတို့သိလိုသည်များကို ပြန်လည်​မေးမြန်း​ဆွေး​နွေးခဲ့ကြသည်။

အဆိုပါ​တောင်သူနည်းပညာ​ပေး​ဆွေး​နွေးပွဲ ကွင်းလက်​တွေ့ပြသပွဲကို ခရိုင်/မြို့နယ်စိုက်ပျိုး​ရေးဦးစီး ဌာန၊ မြို့နယ် လယ်ယာ​မြေစာရင်းအင်းဦးစီးဌာတို့မှ တာဝန်ရှိဝန်ထမ်းများနှင့်အကျိုး​ဆောင်​တောင်သူ (၁၈) ဦးတို့တက်​ရောက်ကြ​ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)