ဒိုက်ဦး အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း ဆင်းပွဲကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေရာ (၇)နေရာ ခွဲ၍ ကျင်းပသည်။
ဒိုက်ဦးမြို့နယ် မင်းတဲရပ်ကွက် ကောလိယခန်းမတွင် အထူးရဲ(၄၂)ဦးအား နံနက်(၈:၃၀)နာရီတွင် လည်းကောင်း ကျောင်းစုရပ်ကွက် ဓမ္မာရုံတွင် အထူးရဲသင်တန်းသား (၃၀)ဦးအား နံနက် (၉:၁၀)နာရီတွင် လည်းကောင်း၊ သံတံတားရပ်ကွက် ခေမာသီကျောင်းတိုက်ဓမ္မာရုံတွင် အထူးရဲသင်တန်းသား (၃၀)ဦးအား နံနက်(၉:၄၅)တွင်လည်းကောင်း ဖောင်တော်သီကျေးရွာ အထက်တန်းကျောင်းတွင် အထူးရဲသင်တန်းသား (၂၁)ဦးအား နံနက် (၉:၃၀)တွင်လည်းကောင်း ဖောင်တော်သီကျေးရွာ ခန္ဓာစုပိုင်း အလကခွဲတွင် အထူးရဲသင်တန်းသား (၂၀)ဦးအား နံနက်(၁၀:၀၅)နာရီအချိန်တွင် လည်းကောင်း၊ မအူတန်းကျေးရွာ အထကခွဲတွင် အထူးရဲသင်တန်းသား(၂၁) ဦးအား နံနက် (၉:၀၀)နာရီ အချိန်တွင်လည်းကောင်း၊ သုံးခွကျေးရွာ သာသနာ့ဗိမာန်ကျောင်းတိုက်တွင် အထူးရဲသင်တန်းသား(၈)ဦးအား နံနက် (၈:၀၀)နာရီ အချိန်တွင်လည်းကောင်း သင်တန်းဆင်းပွဲ ကျင်းပသည်။
ကောလိယခန်းမတွင် အထူးရဲသင်တန်းဆင်းပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်က အမှာစကား ပြောကြားရာတွင် ရွေးကောက်ပွဲကာလအတွင်း တာဝန်ထမ်းဆောင်မည့် အထူးရဲများ သိသင့်သိထိုက်သည့် ဘာသာရပ်များ လိုက်နာရမည့် ကျင့်ဝတ်များကို သင်ကြားပို့ချခဲ့ပြီးဖြစ်၍ ဥပဒေနှင့်ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ရန် ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် ပြောကြားခဲ့သည်။
ဒိုက်ဦးမြို့နယ်အတွင်း၌ ရွေးကောက်ပွဲကျင်းပမည့် မဲရုံ (၁၇၂)ရုံအတွက် အထူးရဲ(၁၇၂)ဦးအား အောက်တိုဘာ (၁)ရက်နေ့မှစတင်၍ သင်တန်းပို့ချခဲ့ပြီး ပြည်သူများလုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော် (IPRD)