လွိုင်လင်မြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လွိုင်လင်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြဝင်း နှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် လွိုင်လင်မြို့ အမှတ်(၂)ရပ်ကွက်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရေကြည်၌ ခွေးရူးရောဂါ ကြိုတင်ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း ခွေးရူးရောဂါမဖြစ်ပွားစေရန်နှင့် ပြည်သူများ ခွေးရူးရောဂါအန္တရာယ်ကင်း‌ဝေးရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့ နံနက် (၉) နာရီတွင် အင်းလျှာကုန်း ကျေးရွာရှိအုပ်ချုပ်ရေးမှူးရုံးတွင် ခွေးရူးရောဂါကြိုတင် ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လွိုင်လင်မြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၌ အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး မှ ရဲအုပ် တင်အောင်မိုး နှင့် တပ်ဖွဲ့ဝင်များသည် ၂၀၂၀ ပြည့်နှစ် ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး နှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဉပဒေ ဆိုင်ရာ အသိပညာပေးခြင်း ၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ယမန်နေ့ နံနက်(၁၀)နာရီက တောင်ကြီး - လွိုင်လင်-နမ့်စန် ပြည်ထောင်စုလမ်းမကြီး နှင့် တောင်ကြီး - လွိုင်လင်-ပင်လုံ လမ်းဆုံများတွင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

လွိုင်လင်မြို့၌ စတုတ္ထတန်း (Grade-4) သင်ရိုးသစ်နောက်ဆက်တွဲသင်တန်းဖွင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်စတုတ္ထတန်း (Grade-4) သင်ရိုးသစ် မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲ အချိန်က အမက(၁) ခန်းမတွင် ကျင်းပကြောင်းသိရသည်။

မရမ်းကုန်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများကူညီဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်စဉ်ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ နံနက် ၇ နာရီအချိန်က မရမ်းကုန်းမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာလုပ်အားရှင်များနှင့် ကျောင်းကြက်ခြေနီများ ပူးပေါင်းကာ အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်းရှိ ကျောင်းစာသင်ခန်းများအတွင်း ​ခြင်ဆေးဖျန်းပေးခြင်းနှင့် ကျောင်းပတ် ဝန်းကျင်တွင် ခြင်များခိုအောင်း ပေါက်ဖွားမှုမရှိစေရေး ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများအား ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ၂၄ ဒသမ ၉၉ရာခိုင်နှုန်း ဖြေဆိုအောင်မြင်

၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သြဂုတ် ၉ ရက် နံနက်ပိုင်းက နိုင်ငံတစ်ဝန်း အွန်းလိုင်းစနစ်ဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုအောင်မြင်မှု ၂၄ ဒသမ ၉၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လိုင်လင်းပီမြို့၌ မြစိမ်းရောင် စီမံကိန်းချေးငွေများ ထုတ်ချေးပေး

လိုင်လင်းပီမြို့၌ မြစိမ်းရောင် စီမံကိန်းချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် MTP Hall ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပန်းဘဲတန်းမြို့နယ်တွင် မဲရုံဆောင်ရွက်မည့်နေရာများသို့ ကွင်းဆင်းကြည့်ရှု

ပန်းဘဲတန်းမြို့နယ်တွင် အများပြည်သူများ အလွယ်တကူမဲပေးနိုင်မည့် မြေညီထပ်တွင် မဲရုံများ ဖွင့်လှစ် ဆောင်ရွက်နိုင်ရေးအတွက် မဲရုံဆောင်ရွက်မည့် နေရာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နှင့် တာဝန်ရှိသူများ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

နမ့်စန်တွင် နမ့်လတ်ချောင်းရေမြင့်တက်မှုကြောင့် အနိမ့်ပိုင်းရှိလူနေအိမ်များအတွင်း ရေများဝင်ရောက်

ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် ဩဂုတ်လ ၉ ရက် ည ၁၀ နာရီ မှ ဩဂုတ်လ ၁၀ ရက် နံနက် ၂ နာရီကျော်ထိ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နမ့်လတ်ချောင်းရေမြင့်တက်ခဲ့မှု ကြောင့် အမှတ်(၁) ရပ်ကွက် အနိမ့်ပိုင်းရှိ လူနေအိမ်ခြေ (၃၆၀) ခန့် နေအိမ်ခြံဝန်းများအတွင်း ရေ ဝင်ရောက် မှုများ ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ် Cash for Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် နေမှုအား ကွင်းဆင်း စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခု၊ ဘာဏ္ဍာနှစ်တွင် ကိုဗစ်-၁၉ရောဂါကြောင့် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ထိခိုက်မှုများကို ပြန်လည် ကုစားနိုင်စေရန် ရည်ရွယ်၍ မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်တွင် Cask for Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ယမန်နေ့ နံနက် ၁၁ နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
Subscribe to