ချင်းရွှေဟော်မှ နေရပ်ပြန်ပြည်သူ(၁၅)ဦးအား သက်ဆိုင်ရာ ဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက် လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူးဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များ သို့ ပြန်လည် ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့၊ညနေ(၄)နာရီ အချိန်က နေရပ်ပြန်ပြည်သူ (၁၅)ဦး အား  လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

ဖားကန့် တောင်ပြိုရွာအား ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(ဖားကန့်)မှ ဆန်အိတ်များ ထောက်ပံ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စုအတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး အများဆုံး တွေ့ရှိသည့်အတွက် အသွားအလာကန့်သတ်ထားသည့် တောင်ပြိုကျေးရွာကို ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(ဖားကန့်)မှ ယမန်နေ့က တစ်အိမ်ထောင်စုလျှင် ဆန်(၆)ပြည်အိတ် တစ်အိတ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ကြိုတင်ဆန္ဒမဲများပေးနိုင်ရန်အတွက် ဆန္ဒမဲလက်မှတ်များ ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ခွင့်ရှိသူများက ဆန္ဒမဲလက်မှတ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ရပ်/ကွက် ကျေးရွာကော်မရှင်အဖွဲ့ခွဲများထံသို့ ယမန်နေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်စာရင်းစစ်ရုံးတွင် ထုတ်ပေးခဲ့ကြောင်းသိရသည်။

ပန်နန်းဒင်မြို့တွင် မဲရုံ (၉) ရုံနှင့် ဆန္ဒမဲပေးခွင့်ရှိသူ (၁၀၁၃) ဦး ရှိ

၂၀၂၀ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲကို နို၀င်ဘာလ(၈)နေ့တွင် ကျင်းပမည်ဖြစ်ရာ ခါကာဘိုရာဇီဒေသ ပန်နန်းဒင်မြို့တွင် မဲရုံပေါင်း(၉)ရုံနှင့် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း(၁၀၁၃)ဦးရှိကြောင်း သိရသည်။

We Love Yangon လူထုအခြေပြုပရဟိတအဖွဲ့မှ အလုံမြို့နယ်ရှိ မိသားစု (၂၅၀)စုအား စားသောက်ကုန်များ  လှူဒါန်း

We Love Yangon လူထုအခြေပြုပရဟိတအဖွဲ့ မှ အလုံမြို့နယ်ရှိ နွမ်းပါးမိသားစုများအား စားသောက်ကုန်များကို ယမန်​နေ့က  လက်ဝယ်အရောက် သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။

ဝေါမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ် အထက် ပြည်သူများ ကြိုတင် ဆန္ဒမဲစတင်ပေးနိုင်

ပဲခူးတိုင်းဒေကြီး၊ ဝေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ  အတွက် ကြိုတင် ဆန္ဒမဲပေးခြင်းကို ရပ်ကွက်/ကျေးရွာကော်မရှင်  အဖွဲ့ခွဲရုံးများ၌   အသက်၆၀နှစ် အထက် မိဘပြည်သူများအား   ယနေ့ နံနက်(၈)နာရီမှစ၍     နိုဝင်ဘာလ (၅) ရက်နေ့၊ ညနေ(၆)နာရီ အထိကြိုတင် ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။

ဟိုပန်မြို့၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲများ သင်တန်းဆင်းပွဲ ကျင်းပ

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ လုံခြုံရေးတာဝန်ထမ်း ဆောင်ကြမည့် အထူးရဲ(၄၃)ဦးကို ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသင်တန်းခန်းမ၌ ယမန်နေ့နံနက်(၉) နာရီ အချိန်က သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်  မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် ရဲတပ်ဖွဲ့မှကြီးမှူး၍ ပါတီစုံဒီမိုကရေစီအထွေထွရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆာင်ရွက်မည့် မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအသီးသီးမှ အထူးရဲတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မူဆယ်ခရိုင်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲကာလ၌ လုံခြုံရေးတာဝန်များထမ်းဆောင်ရန် အထူးရဲစုစုပေါင်း(၃၉၂)ဦး ခန့်အပ်ထား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နှင့် မြို့နယ်အသီသီး၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကာလ၌ မဲရုံလုံခြုံရေးနှင့် မဲဆန္ဒရှင်များလုံခြုံစိတ်ချစွာဖြင့် မဲထည့်နိုင်အတွက် အထူးရဲစုစုပေါင်း(၃၉၂)ဦးကို ခန့်အပ်၍ လုံခြုံရေးဆိုင်ရာအထူးရဲသင်တန်းကို (၄)ပတ်ကြာသင်တန်းပို့ချခဲ့ပြီး ယမန်နေ့၊ နံနက်(၈)နာရီအချိန်က သင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းကို မူဆယ်ခရိုင်၊ မူဆယ်မြို့နှင့် သက်ဆိုင်ရာမြို့နယ်အသီးသီးတွင် ပြုလုပ်ကျင်းပခဲ့သည်။

ငါးသိုင်းချောင်းမြို့၌ မဲရုံလုံခြုံရေး အထူးရဲသင်တန်းဆင်းပွဲ ကျင်းပ

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်ရှိ (အ-မ-က)ရေတံခွန်ကျောင်း၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲရုံလုံခြုံရေး အထူးရဲသင်တန်းကို အောက်တိုဘာလ (၁)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး အထူးရဲသင်တန်းသားများကို အခြေခံစစ်ရေးပြ ၊ အထူးရဲကျင့်ဝတ် ၊ ဥပဒေ ၊ ရွေးကောက်ပွဲဆိုင်ရာ အထွေထွေသိမှတ်ဖွယ်ရာ စသည့်အကြောင်းအရာများအား မြို့နယ်ရဲတပ်ဖွဲ့ ၊ မြို့နယ်အ‌ထွေထွေရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့တာဝန်ရှိသူများက သင်တန်းပို့ချ သင်ကြားပေးခဲ့ရာ ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to