ရွှေပြည်သာမြို့နယ်တွင် အထူးရဲသင်တန်းဆင်းပွဲကျင်းပပြုလုပ်

ရွှေပြည်သာ            အောက်တိုဘာ      ၂၈

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်  ၂၀၂၀  ပြည့်နှစ်၊နိုဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပ မည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရာ၌ လုံခြုံရေး တာဝန်များထမ်းဆောင်နိုင်ရန် အထူးရဲသင်တန်းကိုအောက်တိုဘာလ(၁)ရက်နေ့မှစ၍ ဖွင့်လှစ်ထားရှိရာ ယနေ့နံနက် ၈နာရီက အထူးရဲသင်တန်းဆင်းပွဲကို မြို့ဦးစေတီာ သာသနာ့ဗိမာန်တော်တွင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ရွှေပြည်သာမြို့မရဲစခန်းမှူးဒုရဲမှူး တင်မောင်လွင်က ရွေးကောက်ပွဲကာလ အတွင်း တာဝန်ထမ်းဆောင်ကြမည့်အထူးရဲများ သိသင့်သိထိုက် ဘာသာရပ်များ၊လိုက်နာရမည့်ကျင့်ဝတ်များကို    သင်ကြားပို့ချခဲ့ပြီးဖြစ်၍  ဥပဒေနှင့်ကျင့်ဝတ်များကိုလိုက်နာဆောင်ရွက်ကြရန်၊ ပေးအပ် သော  တာဝန်များကို  ကျေပွန်စွာ ထမ်းဆောင်ကြ ရန်တို့ကို  အဖွင့်အမှာ စကားပြောကြားပြီး သင်တန်းသား (၁၂၃)ဦးအတွက် သင်တန်းဆင်းလက်မှတ်များ  ပေးအပ်ခဲ့သည်။

ရွှေပြည်သာမြို့နယ်တွင်   ရပ်ကွက်(၂၃)ရပ်ကွက်နှင့်၊ကျေးရွာ(၄)ရွာတွင်   မဲရုံပေါင်း(၁၂၃)ရုံရှိပြီးဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၃၀၉၂၅၆)  ဦးရှိရာ ၂၀၂၀  ပြည့်နှစ်ဦပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ အတွက်  အထူးရဲ တပ်ဖွဲ့ဝင်(၁၂၃)ဦးမှ တာဝန်ကျမဲရုံများတွင် အသီးသီး တာဝန်ထမ်း‌ဆောင် သွားမည်ဖြစ်ကြောင်းသိရသည်။

အေးအေးမိုး  ( ပြန် /ဆက်)