ရေဖြူ အောက်တိုဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးမည့် မဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက ရေဖြူမြို့ ဓမ္မမာမကကျောင်း ဓမ္မာရုံတွင်ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၂)ခုရှိ မဲရုံပေါင်း (၁၁၄)ရုံတွင် တာဝန်ထမ်းဆောင်မည့် လုံခြုံရေး အထူးရဲ (၁၁၄)ဦးအား ရေဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမောင်က တစ်ဦးလျှင် တူညီဝတ်စုံ (၂)စုံစီနှင့် လစာနှင့် ရိက္ခာငွေ (၁၄၄၀၀၀)ကျပ်ကို ပေးအပ်ခဲ့သည်။
အဆိုပါအထူးရဲများတာဝန်ထမ်းဆောင်ခဲ့သည့်် (၁)လစာ အတွက်အထူးရဲ (၁၁၄)ဦးအား စုစုပေါင်းကျပ် (၁၆၄)သိန်းကျော် ထုတ်ပေးခဲ့ကြောင်းသင်တန်းတာဝန်ခံ ဒုရဲအုပ် ဇော်ထက် ထံမှ သိရသည်။
ဖြူဖြူရှိန်(ပြန်/ဆက်)