မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆွေးနွေး မှာကြား

ပွင့်ဖြူ      အောက်တိုဘာ       ၂၈

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင် ဆောင်ရွက် ကြမည့် ပညာရေးဝန်ထမ်း ဆရာ ၊ ဆရာမများအား တွေ့ဆုံ၍ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် က ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြမည့် ပညာရေးဌာနမှ ဆရာ၊ ဆရာမ (မဲရုံမှူး ၊ ဒုတိယမဲရုံးမှူး)များ အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားရှိသော ညွှန်ကြားချက်များနှင့် အညီ အမှားအယွင်းမရှိ ကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း ၊ ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ် - ၁၉ ရောဂါ မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကိုလည်း အလေးထား လိုက်နာဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေး က ယခု အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပညာရေးဝန်ထမ်းမိသားစုအဖွဲ့ခေါင်းဆောင် ဆရာ၊ ဆရာမများ အနေဖြင့် မိမိတို့နယ်မြေအလိုက် ရွေးကောက်ပွဲတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြမည့် (မဲရုံမှူး ၊ ဒုတိယမဲရုံမှူး) ဆရာ၊ ဆရာမများကိုလည်း တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး အခက်အခဲမရှိ အဆင်ပြေစွာ ဆောင်ရွက်သွားနိုင်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး ကြရန်နှင့် ကိုဗစ် - ၁၉ ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွား ကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် တက်ရောက်လာသည့် ပညာရေးဝန်ထမ်းမိသားစုအဖွဲ့ခေါင်းဆောင် ဆရာ ၊ ဆရာမ(၂၀)ဦး က မြို့နယ် အတွင်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများအပေါ် ကြိုတင်ပြင်ဆင် ထားရှိမှုများကို ရှင်းလင်းဆွေးနွေး တင်ပြကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

ရဲဝင်းနိုင် ( ညောင်ဦး )