စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်အတွင်းရှိ မဲရုံများသို့ ကြိုတင်ဆန္ဒမဲလက်မှတ်များထုတ်ပေး

ဝန်းသို အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌အသုံးပြုရန် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုရှိ  မဲရုံများ အတွက် မဲရုံသုံး ပစ္စည်းများနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များကို အောက်တိုဘာ ၂၆ ရက်နေ့မှ စတင်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါပစ္စည်းများထုတ်ပေးရာတွင် မြို့နယ်အတွင်းရှိ မဲရုံပေါင်း ၅၃ ရုံအတွက် လိုအပ်လျက်ရှိသည့် ကြိုတင်မဲပုံး၊ လုံခြုံရေးကြိုးစ၊ ဆန္ဒပြုခန်း၊ မဲရုံသုံးပုံစံများ၊ မှင်ခံခုံ၊ ပေတံ အစရှိသည့်ပစ္စည်းများကို မြို့နယ် ရွေးကောက်ပွဲအရာရှိ ဦးအောင်မင်းထွန်း၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များထံသို့ စနစ်တကျထုတ်ပေးလျက် ရှိသည်။

ဝန်းသိုမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၄၂အုပ်စုရှိ၍ မဲရုံပေါင်း ၅၃ ရုံရှိပြီး ဒုတိယအကြိမ် မဲစာရင်းကြေညာချက်အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ငါးသောင်းငါးထောင့်ခြောက်ရာ ကျော်ရှိကာ  ကြိုတင် ဆန္ဒမဲပေးခြင်းလုပ်ငန်းကို အောက်တိုဘာ ၂၉ရက်မှစတင်၍ သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့်အညီ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး စီစဉ် ဆောင်ရွက်ထားရှိမည်ဖြစ်ကြောင်းသိရသည်။

ကျော်မြိုင် (ပြန်/ဆက်)