ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်သည့် အလယ်ရွာကျေးရွာ လျှပ်စစ်မီးရရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ လျှပ်စစ်ဓါတ်အားရရှိရေးအတွက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အလယ်ရွာကျေးရွာ၌ မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်သည့် လျှပ်စစ်မီးဖွင့်ပွဲကို ယမန်နေ့ ညနေ ၆ နာရီက အဆိုပါကျေးရွာ မုခ်ဦးရှေ့တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။