ပင်လည်ဘူး အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကျေးလက် နေပြည်သူများ ငါးစားသုံးမှုမြှင့်မားစေရန်၊ ကျေးလက်နေပြည်သူများ ငါးများကို အလွယ်တကူ ရှာဖွေဖမ်းယူစားသုံးနိုင်ရန်၊ မြို့နယ်အတွင်း ငါးသယံဇာတ များတိုးပွားစေရန်၊ ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ငါးကန် အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို အောက်တိုဘာ ၂၇ ရက်နေ့က ကင်းပန်း ကျေးရွာအုပ်စု ကံကုန်းကျေးရွာရှိ ကျေးရွာဖွံ့ဖြိုးရေး ရေလှောင်ကန်အတွင်းသို့ ငါးမျိုးစိုက်ထည့်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသက်နောင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခက်ခက်ဝေခိုင်နှင့် ဝန်ထမ်းများ၊ ကျေးရွာပြည်သူ များတက်ရောက်ခဲ့ကြကာ ကန်အတွင်းသို့ငါးမြစ်ချင်း ငါးသန်ကောင်ရေ (၁၅၀၀၀) စိုက်ထည့် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ပင်လည်ဘူးမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေး လုပ်ကိုင် ဆောင်ရွက်နေ့သည့် ငါးမွေးတောင်သူ (၁၅၄)ဦးရှိပြီး ငါးမွေးကန်ဧက (၉၅.၅၈)ဧက၊ ငါးကန်(၂၀၈)ခု မွေးမြူ ဆောင်ရွက်ထားရှိကြောင်း၊ လက်ရှိ ငါးမွေးမြူရေး လုပ်ကိုဆောင်ရွက်နေသူများ မှာလည်း အဆင်ပြေလျက်ရှိကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဒေါ်ခက်ခက်ဝေခိုင် ထံမှသိရသည်။
မျိုးလွင်(ပင်လည်ဘူး)