သထုံ အောက်တိုဘာ ၂၈
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်း ဆင်းပွဲ အခမ်း အနားကို ယနေ့ နံနက်က သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံး ရဲဇာနည်ခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်လင်းသိန်းနှင့် မြိုနယ် အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးတို့က မဲရုံလုံခြုံရေးနှင့် မဲဆန္ဒရှင်ပြည်သူများအား ကူညီရေး စသည့်လုပ်ငန်းတာဝန်များကို စနစ်တကျသိရှိနိုင်ရန် ဖွင့်လှစ်ခဲ့ကြောင်း သင်တန်း သားများအနေဖြင့်ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ ဥပဒေနှင့်အညီ ကူညီ ဆောင်ရွက်ကာ ကပ်ရောဂါဖြစ်ပေါ်နေသည့်ကာလအတွင်း လူစုလူဝေးမဖြစ်ပွား ရေးကိုလည်း ကြပ်မတ် ဆောင်ရွက် စေလိုကြောင်း အမှာစကားများ ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး သထုံ မြို့နယ်အတွင်း မဲရုံ ၉၉ ရုံအတွက် တာဝန်ထမ်းဆောင်ကြမသည့် အထူးရဲတပ်ဖွဲ့ဝင် ၉၉ ဦး တက်ရောက်ခဲ့ကာ သထုံခရိုင်အတွင်း မဲရုံစုစုပေါင်း ၃၇၄ ရုံအတွက် အထူးရဲ၃၇၄ ဦးခန့်အပ်တာဝန်ပေးထားကြောင်း သိရသည်။
သက်ဦး(သထုံ)