ကလေး အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှိ လူထုအ ခြေပြုဗဟိုဌာနတွင် ယမန်နေ့ ညနေပိုင်းက ကိုဗစ်အန္တာရယ်ထိန်းချုပ် ရေးနှင့် ကလေးမြို့ သန့်ရှင်းသာယာ လှပရေး အသိပညာပေး Talk Show အစီအစဉ် ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်ကို ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ကလေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က ပူးပေါင်းဆွေးနွေးခဲ့ကြပြီး ယင်းသို့ ဆွေးနွေးခဲ့ကြရာတွင် ကလေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင့်လွင်က ကိုဗစ်-၁၉ကပ် ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ကလေးမြို့ပေါ်ရှိ စားသောက်ဆိုင်များတွင် လူစုလူဝေးမဖြစ် စေရန်အတွက် ပါဆယ်ထုပ်ရောင်းစေကြောင်း၊ စတိုးဆိုင်နှင့် အိမ်ဆိုင်များကို (၆)ပေအကွာ ရောင်းခိုင်းစေ ကြောင်း၊ စည်းကမ်းဖျောက်ဖျက်သည့် ဆိုင်များကို မြို့နယ် ကိုဗစ်-၁၉ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ တင်ပြပြီး ကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ Oxygen Concentrator (၁)လုံးနှင့် ETCစက်(၁)လုံးဝယ်ယူဖို့ အလှူငွေထည့်ဝင် ဆောင်ရွက်စေကြောင်း၊ စည်ပင်သာ ယာဈေးများတွင် ဈေးသည်များကို Face Shieldတပ်ပြီးမှ ဈေးရောင်းစေကြောင်း၊ ကလေးမြို့သန့်ရှင်း သာယာလှပရေးအတွက် အမှိုက်ကန်(၆၅)ကန်ကျော်ကို အမှိုက်သိမ်း ယာဉ်(၁၃)စီးနှင့် နေ့စဉ် သိမ်းဆည်း လျက်ရှိကြောင်း အစိုးရဆေးရုံ(၃)ခု၊ ပုဂ္ဂလိကဆေးရုံ(၅)ခုနှင့် ပုဂ္ဂလိကဆေးခန်း (၃၅)ခုမှ ထွက်ရှိသည့် အမှိုက်များကို ဆေးရုံဆေးခန်းသုံး အမှိုက်ယာဉ်(၁)စီးနှင့် သီးခြားသိမ်းဆည်းလျက်ရှိသည့်အပြင် Quarantine Centerများတွင်လည်း အမှိုက်ကန်များ စနစ်တကျထားရှိကြောင်း၊ အဆိုပါအမှိုက်ကန်များကို ပိုးသတ်ဆေး စနစ်တကျဖြန်း၍ သိမ်းဆည်းလျက်ရှိကြောင်းတို့အား အဓိကဆွေးနွေးပေးခဲ့ကြောင်း သိရ သည်။
မာန်လမ့်တွောင်(ပြန်/ဆက်)