နမ့်ဆန် အောက်တိုဘာ ၃၀
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ တွင် အသုံးပြုရန်အတွက် ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာသည့်အတွက် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများ၊ ဆန္ဒမဲလက်မှတ်များကို စစ်ဆေးကာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မဲရုံမှူးများ ထံသို့ ထုတ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ မဲရုံသုံးပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များကို မဲဆန္ဒနယ်အမှတ်(၁)၊ မဲဆန္ဒနယ်အမှတ်(၂)မှာရှိသည့် မဲရုံပေါင်း(၅၆)ရုံအတွက် (၂)သုတ်ခွဲကာ ထုတ်ပေးသွားမှာ ဖြစ်ပြီး နမ့်ဆန်မြို့နယ်အတွင်းရှိ မဲဆန္ဒနယ်(၂)ခုတွင် မဲဆန္ဒရှင်ပြည်သူပေါင်း (၄၄၆၄၇)ဦးခန့် ရှိကြောင်း သိရသည်။
(မြို့နယ်ပြန်ဆက်)