ကိုကိုးကျွန်း အောက်တိုဘာ ၃၀
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံမှမြို့နယ် ဆရာဝန်ကြီး ဒေါက်တာသန့်ဇင် ဦးဆောင်၍ ကျန်မာရေးဝန်ထမ်းများ သည် ယမန်နေ့နံနက် ၉နာရီအချိန်တွင် ကိုကိုးကျွန်း မြို့နယ်ရှိ သက်ကြီးဘိုးဘွား(၃၀)ဦးအား သွေးတိုး-ဆီချို-သွေးခုန်နှုန်း မှန်မမှန်နှင့် အခြားလိုအပ်သည့် အထွေထွေရောဂါများကို စမ်းသပ်ပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးများနှင့် အားဆေးအမျိုးမျိုး တို့ကိုလည်း တစ်လစာ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို တစ်လတစ်ကြိမ် ပုံမှန်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်ထံမှ သိရသည်။
ကိုကိုးကျွန်း (ပြန်/ဆက်)