တနင်္သာရီ၌ မသန်စွမ်းသူ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်

တနင်္သာရီ အောက်တိုဘာ ၃၀

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့မှာ စံ(၅) ချက်နှင့်အညီကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း မဲရုံ(၉၇)ရုံရှိပြီး၊ မဲဆန္ဒရှင်ပြည်သူပေါင်း(၈၀၀၀၀)ကျော်ရှိသည့်အနက် မသန်စွမ်းသူမဲဆန္ဒရှင်ပြည် သူ(၉၃)ဦးရှိကြောင်း၊ လွတ်လပ်စွာဆန္ဒမဲပေးနိုင်အောင် စီစဉ်ပေးထားပြီးဖြစ်ကြောင်း မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရသည်။

အမြင်အာရုံမသန်စွမ်းသူ(၁၀)ဦး၊ ဉာဏ်ရည်မသန်စွမ်းသူ(၉)ဦး၊ ကိုယ်အင်္ဂါမသန်စွမ်းသူ(၅၆) ဦးနှင့် အပြော/အကြား မသန်စွမ်းသူ(၁၈)ဦး၊ စုစုပေါင်းမသန်စွမ်းသူ မဲဆန္ဒရှင်(၉၃) ဦး ရှိကြောင်း၊ ၎င်းမသန်စွမ်းသူ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်၏ လမ်းညွှန်ချက်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များအတိုင်း လွတ်လပ်စွာ  ဆန္ဒမဲပေးနိုင်အောင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများနှင့် လူမှုရေးအဖွဲ့အစည်းများဖြင့် ညှိနှိုင်း စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)