တကောင်း အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက် နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ကြီးအတွက် ကြိုတင်မဲပေးခွင့်ရှိသူများနှင့် အသက်(၆၀)အထက် အဘိုးအဘွားများသည် တကောင်းမြို့ပေါ်ရပ်ကွက်များရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ယမန်နေ့ နံနက်ပိုင်းမှစ၍ ကြိုတင်မဲများလာ ရောက်ပေးလျှက်ရှိပြီးကြိုတင်ဆန္ဒမဲပေးရာတွင် မဲပေးခွင့်ရသူများသည် အောက်တိုဘာ (၂၉)ရက်နေ့မှ နိုဝင်ဘာ(၇)ရက်နေ့ အထိ နံနက် ၉ နာရီမှညနေ ၄နာရီအထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲများလာရောက်မဲပေးနိုင်ကြောင်း သိရသည်။
ကြိုတင် မဲပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် တားဆီးရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက် များအတိုင်း ဆောင်ရွက်လျက်ရှိ ပြီးမဲရုံသို့မလာနိုင်သော သက်ကြီးရွယ်အိုများ ကျန်းမာရေးမကောင်းသူများကို ကြိုတင်မဲများ အိမ်တိုင်ရာရောက် လိုက်လံ ကောက်ခံခြင်းများ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။
တကောင်းမြို့တွင် ရပ်ကွက်ကြီး(၃)ရပ်ကွက် ရှိပြီး မဲရုံပေါင်း(၄)ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစု ပေါင်း (၇၈၂၅)ဦးနှင့် သက်ကြီးရွယ်အို စုစု ပေါင်း(၈၂၆)ဦးရှိကြောင်း မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
ကိုကိုအောင်(တကောင်း)