မိုင်းဖြတ် အောက်တိုဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက်၆၀နှစ်အထက် မဲဆန္ဒရှင်ပြည်သူများမှ ကြိုတင်န္ဒမဲပေးခြင်းကို ယမန်နေ့ နံနက်၈နာရီအချိန်ခန့်ကစပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် စတင်ပေးခဲ့ကြသည်။
ထိုသို့ ကြိုတင်ဆန္ဒမဲများပေးရာတွင် အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်ပြည်သူများ၊ ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် အောက်တိုဘာလ ၂၉ရက်နေ့မှ နိုဝင်ဘာလ ၅ရက်နေ့အထိ နံနက်၈နာရီမှ ညနေ၆နာရီအထိ သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာ အုပ်စုအတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများတွင်ဆန္ဒမဲပေးနိုင်ကြောင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် ရပ်ကွက်၃ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၁အုပ်စုတွင် မဲရုံပေါင်း ၃၉ရုံရှိတွင် မဲဆန္ဒရှင်ပြည်သူပေါင်း ၂၂၅၅၂ဦးရှိပြီး အောက်တိုဘာလ ၂၉ရက်နေ့တွင် အသက် ၆၀နှစ်အထက် မဲဆန္ဒရှင်ပြည်သူ ၁၃၈ဦးရှိကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)