ဗိုလ်တထောင် အောက်တိုဘာ ၃၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့နံနက် ၉ နာရီက အသက်(၆၀)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားမဲဆန္ဒရှင်များက ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကြိုတင်ဆန္ဒမဲပေးရာတွင် နံနက်(၉:၀၀)နာရီမှညနေ(၆:၀၀)နာရီထိ ဆန္ဒမဲပေးနိုင်ပြီး ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး များတွင် ကြိုတင်ဆန္ဒမဲလာပေးရာ၌ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာ ကွယ်ရေးအတွက် လက်သန့်ဆေးရည်များနှင့် နှာခေါင်းစည်းများကို ထားရှိပေးပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီစီစဉ်ဆောင်ရွက်ပေးထားပြီး ကြိုတင်ဆန္ဒမဲပေးခြင်းကို သတ်မှတ်ရက်အတွင်း ဆန္ဒမဲပေးနိုင်အောင်နှင့် ကြိုတင်ဆန္ဒမဲလာ ရောက်ပေးနိုင်ခြင်းမရှိသည့် သူများကို အိမ်တိုင်ရာရောက်ကြိုတင်မဲပေးနိုင်အောင် စီစဉ်ထား ရှိကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်တွင် မဲရုံ(၃၈)ရုံရှိပြီး အသက်(၆၀)နှစ်နှင့် အထက်ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၅၅၄၉)ဦးနှင့် မဲပေးခွင့်ရှိသူ စုစုပေါင်း(၃၃၂၇၅)ဦးရှိပြီး ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ(၂၉)ရက်နေ့မှ နိုဝင်ဘာ(၅)ရက်နေ့ထိ ဆန္ဒမဲပေးနိုင်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)