မြင်းမူမြို့ ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူ(၁)ဦးဆေးရုံမှဆင်းခွင့်ရရှိ

မြင်းမူ အောက်တိုဘာ ၃၀

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ ကျန်းမာရေး စောင့်ရှောက်မှုခံယူ ခဲ့သူတစ်ဦးသည် ကျန်းမာရေးကောင်းမွန် လာသည်ဖြစ်၍ ယနေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင့်ခွင့်ရရှိပြီဖြစ်ကြောင်း သိရှိရသည်။

ပိုးတွေ့ရှိခဲ့သူမှာမြင်းမူမြို့နယ်၊ ပျော့ရွာကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း၊ အောက်တိုဘာလ(၁၅) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မှပြန်လည်ရောက်ရှိလာပြီး၊ မြင်းမူမြို့(၁၆)ကုတင် ဆံ့တိုင်းရင်းဆေးရုံတွင် Quarantine Center ဝင်ရောက်ခဲ့ကြောင်း၊ အောက်တိုဘာလ(၁၉)ရက်နေ့တွင်  Quarantine ကြီးအစိုးအစိုးရအဖွဲ့က၊စီးCenter ဝင်ရောက် နေသူ (၁၉)ဦးထံမှ SWAb နမူနာများရယူကာ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာသို့ ပို့ဆောင် စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့သူဖြစ်ကြောင်း သိရှိရသည်။

ယင်းအမျိုးသမီးတွင် ယခုအခါ     ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သည့်အပြင် ကျန်းမာရေးကောင်း မွန်လာသည့်အတွက် ဆေးလက်မှတ်နှင့်အတူ ဆေးရုံ ဆင်းခွင့်ရရှိသူဖြစ်ကြောင်း၊   ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ   မိမိနေအိမ်တွင်  Home Quarantine(၇)ရက်နေထိုင်ရန် တို့နှင့် ပတ်သက်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကေသီခိုင် တို့က  အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)