မင်းတပ်မြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၄)ဦး ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရ

မင်းတပ် အောက်တိုဘာ  ၃၀

မင်းတပ်မြို့ဆေးရုံ ကန့်သတ်စောင့်ကြည့်ထားသည့်နေရာ(Quarantine Center) ၌ ဆေးကုသမှုခံယူသူ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၄)ဦး ရောဂါသက်သာပျောက်ကင်းပြီဖြစ်၍ Facility Quarantine ​နေထိုင်ပြီးစီးကြောင်း လက်မှတ်များကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ပေးအပ်ခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၁၆-၁၀-၂၀၂၀ ရက်နေ့ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများဖြစ်သည့် လူနာအမှတ် (၃၁၁၅၀)၊(၃၁၅၅၁)၊(၃၁၅၅၂)၊(၃၁၅၅၃) တို့အားရောဂါ သက်သာပျောက်ကင်းပြီဖြစ်၍ Facility Quarantine ​နေထိုင်ပြီးစီးကြောင်း လက်မှတ်များ ပေးအပ်ခြင်းဖြစ်ကြောင်း၊ မင်းတပ်မြို့ဆေးရုံ Quarantine Center၌ သံသယစောင့်ကြည့်လူနာ(၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း ခရိုင်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင်ထံမှ သိရသည်။

မင်းတပ်မြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း(၂၅)ရှိရာ ယခုအခါ ရောဂါသက်သာပျောက် ကင်း၍ အဆိုပါလူနာများ ဆေးရုံဆင်းပြီဖြစ်ကြောင်း သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)