မကွေး အောက်တိုဘာ ၃၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးနှင့် ဇနီးတို့သည် ယနေ့နံနက်ပိုင်းက မကွေးမြို့နယ် မြို့မ၊ အိုးဘိုရပ်ကွက်၊ မဲဆန္ဒနယ် အမှတ်(၁) သန္တိသုခဓမ္မာရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲ လာရောက်ပေးကြောင်း သိရသည်။
တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ကြိုတင်ဆန္ဒမဲ လာရောက်ပေးရာ တွင် မကွေးမြို့ မြို့မ၊ အိုးဘိုရပ်ကွက်၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားစေရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကျန်းမာရေးညွှန်ကြားချက် များနှင့်အညီ စနစ်တကျ မဲပေးနိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မကွေးမြို့ မြို့မ၊ အိုးဘိုရပ်ကွက် မဲဆန္ဒနယ်(၁)မဲရုံတွင် မဲဆန္ဒရှင်ပေါင်း (၁၁၈၉) ရှိပြီး အသက်(၆၀)နှစ် နှင့် အထက် မဲဆန္ဒရှင်(၂၇၂)ဦးရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မကွေးမြို့နယ်အတွင်း နိုင်ငံရေးပါတီ ၆ ခုက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မဲဆန္ဒရှင်ပေါင်း နှစ်သိန်းလေးသောင်းကျော် ဝန်းကျင် ရှိပြီး မဲရုံစုစုပေါင်း(၂၆၃)ရုံ နှင့် အသက်(၆၀)နှစ်နှင့် အထက် မဲဆန္ဒရှင်(၃၉၅၃၁)ဦးရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)