ဟိုပုံးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေး

 

ဟိုပုံး  အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယနေ့နံနက်ပိုင်းမှစတင်၍ ကြိုတင်ဆန္ဒမဲ ပေးလျက်ရှိကြောင်းသိရသည်။

ကြိုတင်ဆန္ဒမဲပေးရာတွင် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်အဖွဲ့ဝင်များ၊ အထူးရဲတပ်ဖွဲ့ဝင်များ မဲဆန္ဒနယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ကိုယ်တိုင်လာရောက်ဆန္ဒမဲ မပေးနိုင် သူများ၊ နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ တာဝန်ထမ်း ဆောင်မည့်သူများက ကြိုတင်ဆန္ဒမဲပေးလျက်ရှိရာ ဟိုပုံးမြို့နယ်တွင် ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၂) အုပ်စု၊ ကျေးရွာပေါင်း (၂၉၈)ရွာ၊ မဲရုံ(၈၀)ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ  ( ၈၂၀၀၀) ခန့်ရှိပြီး အသက်(၆၀)နှစ်အထက်သက်ကြီးရွယ်အိုအပါအဝင် ကြိုတင်ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ(၈၃၁၇)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်သူ ထံမှသိရသည်။

နန်းခမ်းခြူး(ပြန်/ဆက်)